မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

မာန်အောင် ဒီဇင်ဘာ ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ ဗဟုသုတတိုးပွားပြီး စာပေဖတ်ရှု လေ့လာသည့် အလေ့အကျင့် ကောင်းများ ဖြစ်လာစေရေးနှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ဝင်းက စာရေးဆရာမောင်ခင်မင် (ဓနုဖြူ)ရေးသားသည့် မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ စာအုပ်မှ ကမ္ဘာကသိသော မြန်မာစကား မြန်မာစာခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်း ပြောကြားပြီး ဦးသိန်ဖေ (ဓါတ်ပုံ-၂)မှ မြန်မာဝေါ်ဟာရ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း အရာဖြင့်လည်းကောင်း၊ ဒေါ်စိုးစိုးနိုင် (စာထောက်-၃)မှ အသွင်ကွဲမြန်မာစကားများ ခေါင်းစဉ်ပါ အကြောင်းအရာဖြင့် လည်းကောင်း၊ ဒေါ်သိမ့်မြတ်မွန် (ငယ်/ရေး)မှ ပြောင်းလဲတတ်သော မြန်မာဘာသာစကား ခေါင်းစဉ်ပါ အကြောင်းအရာဖြင့် လည်းကောင်း ဖတ်ကြားပြီး အပြန်အလှယ် ဆွေးနွေး အသိချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)