မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ်     ဒီဇင်ဘာ     ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း (Women Club) တို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီခွဲက ''စာရိတ္တမဏ္ဍိုင် ခိုင်ပါစေ''ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ပြည်သူ များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများနှင့် အဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့် ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ စာဖတ်ဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၂၂)၊ စာမျက်နှာ(၁၂)ပါ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ''စာရိတ္တမဏ္ဍိုင် ခိုင်ပါစေ''ဆောင်းပါးဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌ ဦးဟန်ဝင်းစိုးက ''စာရိတ္တ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်း (Women Club) ဥက္ကဌ ဒေါ်နန်းနွန်းက ''အစဉ်အလာ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်စံဖူးက ''ကိုယ်စီကိုယ်စီ'' ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာပါ သူများကလည်း ပူးပေါင်း ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိသည်။

စာဖတ်ဝိုင်းကို မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဉ်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပြီး စာပေဝါသနာပါသူများမှ လည်း တက်ရောက်ပါဝင် ဆွေးနွေးနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)