မန်ကန် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့် အထက် ဒေသခံ ပြည်သူများအား မန်ကန်မြို့ အခြေခံပညာအလယ်တန်းကျောင်း-ပန်ဖိန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ကို ယနေ့ နံနက် ၉နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မန်ကန်မြို့၊ ပန်ဖိန်းကျေးရွာအုပ်စုရှိ အသက် (၁၈)နှစ်နှင့် အထက် ဒေသခံပြည်သူ (၉၅)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး မထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဓာတ် မတည့်သည့်ဆေး ရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိ မေးမြန်းပြီးမှသာ မန်ကန်မြို့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ”ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသော ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရက်သတ္တပတ် (၄)ပတ်ခြားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒုတိယအကြိမ် ထပ်မံထိုးနှံပေးသွားမည်”ဟု ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ဥက္ကဋ္ဌ မြို့စီမံအုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
မန်ကန် (ပြန်/ဆက်)