မိုင်းဆတ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လေယာဉ်ခရီးစဉ်ပြန်လည်ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လေယာဉ်ခရီးစဉ် ရပ်နား ထားခဲ့ကြောင်း၊ ယခုအခါ လေယာဉ်ခရီးစဉ်ပြန်လည်ပြေးဆွဲနိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် (2.5)နှင့် အညီပြန်လည်ပြေးဆွဲနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ လေယာဉ် ခရီးစဉ်ဖြင့် လိုက်ပါမည့်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးသူဖြစ်ရန်၊ ဆေးထိုးနှံထားခြင်း မရှိပါကကျန်းမာ ရေးဌာနမှ (၄၈)နာရီ အတွင်း(RDT)ဖြင့် စစ်ဆေးထားသည့် လက်မှတ်ပါရှိရန် စသည်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် လေကြောင်းတာဝန်ခံမှ ဒီဇင်ဘာလ(၈)ရက်နေ့တွင် စတင်ပြေးဆွဲမည့် လေယာဉ်ခရီးစဉ် အတွက် လေကြောင်းဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ တာဝန်ထမ်းဆောင်ရန် ညွှန်ကြားထားကြောင်း၊ လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များကို သာ လေယာဉ်ကွင်းအတွင်း ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
မြင့်မောင်(မိုင်းဆတ်)