နမ္မတူတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ ၂၆၆ ဦးအား ဒုတိယအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေး

နမ္မတူ ဒီဇင်ဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်()အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ယနေ့နံနက်  () နာရီအချိန်ခန့်က စတင်ကာ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၂၆၆ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားသည့် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ ၅၀၀ဦးထဲမှ ယနေ့တွင် ၂၆၆ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ ၉၁၀ ဦးရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူ ၆၀၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူ ၃၀၈ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလင်းအောင်ထံက သိရသည်။

လူမော် (ပြန်/ဆက်)