နမ့်စန်တွင် ကာကွယ်ဆေးလုံးဝမထိုးရသေးသော၁၂ နှစ်အထက်ကျောင်းသားကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

နမ့်စန်()     ဒီဇင်ဘာ    ၃

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကာကွယ်ဆေးလုံးဝမထိုးရသေးသော အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအဆင့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်၉နာရီက နမ့်စန်အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး မြို့နယ် ပညာရေးမှူး ဦးမြင့်လွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ မြို့နယ် ပညာ ရေးဦးစီးဌာနမှ ဝန်ထမ်းများ ဆရာ/ ဆရာမများ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များက စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စုစုပေါင်း၄၈ ကျောင်း ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူ ၃၆၅၃ ဦးကို ကာကွယ်ဆေးထိုးစုရပ် အလိုက် သတ်မှတ်ရက်များအတိုင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူ ကျောင်းသား ကျောင်းသူ ၂၆၄၈ ဦးနှင့် နှစ်ကြိမ်လုံး ထိုးနှံ ပြီးစီးသူ ကျောင်းသား ကျောင်းသူ ၁၂၇၈ ဦး ရှိပြီဖြစ်ကာ ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးဆက်လက်ထိုးနှံပေးမည့် အစီအစဉ်များကို သက် ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် ကျောင်းသားမိဘ များထံ ကြိုတင်အသိပေးအကြောင်းကြား၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)