နမ္မတူ ဒီဇင်ဘာ ၃
နမ္မတူမြို့နယ်၊ မိတ်ဆွေကောင်းလူမှုကူညီရေးအသင်း၊ Save The Children အဖွဲ့တို့ ဦးဆောင်၍ မြို့နယ်တွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များပူးပေါင်း၍ ဒီဇင်ဘာလ (၃)ရက်နေ့ ယနေ့တွင်ကျရာက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင်ရှေ့ဦးစွာ မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့်က အမှာစကား ပြေားကြားပြီး၊ Save The Children အဖွဲ့မှ တာဝန်ခံ ဒေါက်တာ ဇော်ဦးက မသန်စွမ်းအမျိုးအစားများနှင့် မသန်စွမ်းသူတို့အပေါ် ထားရှိသသည့် အမြင်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် နမ္မတူမြို့နယ်အတွင်းရှိ မသန်စွမ်းအထောက်အကူပြုပစ္စည်းများ အမှန်တကယ် လိုအပ်ပြီး ဝယ်ယူရန်အခက်အခဲရှိသည့် မသန်စွမ်းသူ ၂၅ ဦးတို့အတွက် ချိုင်းထောက် (၈)စုံ၊ လေးချောင်းထောက် (၇)စုံနှင့် ဝှီးချဲလ် (၁၀)ခုတို့အား Save The Children အဖွဲ့မှ တာဝန်ခံ ဒေါက်တာဇော်ဦးနှင့် တာဝန်ရှိသူများက မသန်စွမ်းသူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်မသန်စွမ်းသူများ အသင်း ဘဏ္ဍာရေးမှူး ဦးစိုင်းရော်နီက မသန်စွမ်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)