မြေပုံမြို့တွင် နယ်လှည့်စာကြည့်တိုက် (Mobile Library)ဖွင့်လှစ်၍ စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်

မြေပုံ ဒီဇင်ဘာ ၃

ဗဟုသုတဖြစ်စေမည့် စာအုပ်စာပေများကို ကျောင်းသား၊ ကျောင်းသူ၊ လူကြီး၊ လူငယ်၊ ဝန်ထမ်းများပါ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေးအတွက် ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက် (Mobile Library) ဖွင့်လှစ်ကာ စာကြည့်တိုက်ဝန် ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်မှုကို ယနေ့ မွန်းလွဲ ၁ နာရီက မီးသတ်ဦးစီးဌာန၌ ပြုလုပ်ကြသည်။

ထို့သို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်း ကျေးရွာများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ နယ်လှည့်စာကြည့်တိုက် (Mobile Library ) ဖွင့်လှစ်၍ သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးပြီး စာကြည့်တိုက် အသင်းဝင်လိုသူများကို အသင်းဝင် ကတ်များ အခမဲ့ပြုလုပ်ပေးရာ စာကြည့်တိုက် အသင်းဝင်များ၊ စာငှား၊ စာဖတ်များ ထပ်မံတိုးပွားလာသလို ကျေးရွာများ၊ အခြေခံပညာ ကျောင်းများတွင် အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်ဓာတ်ပုံ၊ နံရံကပ်စာစောင်များ ပြသခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)