သာစည်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

သာစည် ဒီဇင်ဘာ ၃

မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးက အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး  သာစည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများကို  ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။  ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများက ကျန်းမာရေး၊ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးလင်းရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများစသည်ဖြင့် ဒေသအလိုက် လိုအပ်လျက်ရှိမှုများကိုတင်ပြဆွေးနွေးရာ    ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လိုအပ်ချက်များနှင့်ပတ်သက်၍   ဆောင်ရွက် ထားမှုများနှင့် ဆောင်ရွက်ပေးသွားမည့် အခြေအနေ များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

၎င်းနောက်   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင်   ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအပြင်   ခရိုင်အတွင်း မြို့နယ်များ၌ ကိုဗစ်-၁၉ တတိယလှိုင်းကြုံတွေ့ခဲ့ရမှု အခြေအနေများကို ပြောကြားပြီး  ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေး    ဝိုင်ဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ   တွေ့ဆုံဆွေးနွေးပွဲသို့    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊  ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များ၊ကျန်းမာရေးဝန်ထမ်းများ တက်ရောက် ကြကြောင်း သိရသည်။

 မြို့နယ် ပြန်/ဆက်