တာချီလိတ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် ထိုင်းနိုင်ငံမှ ယနေ့နံနက် ၉ နာရီခွဲက လွှဲပြောင်းပေးလာသည့် နေရပ်ပြန်မြန်မာနိုင်ငံသား ပြည်သူ(၂၃၀)ဦးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၁၃)ဦးအား စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပေးလာသည့်နေရပ်ပြန် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား(၁၇၅)ဦးနှင့် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်ပြစ်ဒဏ် ကျခံရပြီးပြန်လည်လွတ်မြောက်လာသူ(၅၅)ဦး စုစုပေါင်း(၂၃၀)ဦးအား တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်မင်းထွန်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဉီးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ က ကြိုဆိုလက်ခံခဲ့ကြသည်။
၎င်းနေရပ်ပြန် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသည့်(၁၃)ဦးအား သီးသန့်ထားရှိ၍ ကျန်းမာရေးစောင့် ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ပြည်သူအားလုံးကို ဝမ်လုံး Quarantine Centre ၌ သုံးရက်ထားရှိပြီး သုံးရက် မြောက်နေ့တွင် ဒုတိယအကြိမ် ထပ်မံစစ်ဆေး၍ ရောဂါ ပိုးကင်းစင်သူများကို သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်