တပ်ကုန်း ဒီဇင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စနစ်တကျကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ ပိုမိုသိရှိရန် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ ၁နာရီက အသံချဲ့စက်ဖြင့် မြို့ပေါ် ရပ်ကွက်များတွင် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို တပ်ဆင်ရန်၊ ပြင်ပမှ လာသောဧည့်သည်များ လက်ခံခြင်း မပြုလုပ်ရန်၊ မိမိတို့က လည်း အခြားသူများထံ သွားရောက် လည်ပတ်ခြင်းမပြုလုပ်ရန်၊ လူအများနှင့် ထိတွေ့ စကား ပြောဆိုရပါက မျက်နှာအကာကိုလည်း တွဲဖက်တပ်ဆင်အသုံးပြုပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင် သမျှ ခပ်ခွာခွာနေထိုင် လုပ်ကိုင် ကြပါ၊ လူစုလူဝေးရှောင်ပါ၊လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ အလုံပိတ် အခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ပြန်လာတိုင်း နှာခေါင်းစည်း(Mask)ကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အိမ်ရှိအသက် အရွယ်ကြီး ရင့်သူများ၊ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါစသည့် နာတာရှည် ရောဂါရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင် သွားလာရေးစသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများပိုမိုသိရှိစေရန် အသံချဲ့စက်ဖြင့် အသိပေးခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်