ဟိုပုံး ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာများ သိရှိစေရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့ နံနက် ၁၀ နာရီ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ဟိုပုံး) ရုံး၏ Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး)ရုံး မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူးမှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိင်္ဂီအောင်မှ မသန်စွမ်းသူများ၏ အခြေအနေ၊ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေများ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒါဏ်များ၊မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်ရေးအတွက် ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မသန်စွမ်းသူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရမည့် အချက် များနှင့် မသန်စွမ်းသူများအပေါ် ထားရှိရမည့် စိတ်နေစိတ်ထားများနှင့် အမြင်သဘောထားများစသည့် မသန်စွမ်းဆိုင်ရာ သိကောင်း စရာများကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)