ပင်လုံ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပင်လုံ)တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမြို့နယ်ရုံးက ယနေ့နံနက် (၁၀)နာရီအချိန်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လွိုင်လင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမောင်မောင်မှ ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ၃-၅-၂၀၂၁ ရက်နေ့မှစတင်ပြီး ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ပြီးအိမ်ထောင်စုလူဦးရေ စာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်းနေသူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် မေလမှ စတင်၍ ယနေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၂၀၂) ကတ်အားဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးမိုးမောင်မောင်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၉) ကတ်အား နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ) ကျောင်းအုပ်ကြီး ဉီးသိန်းထွန်းထံသို့ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပင်လုံ (ပြန်/ဆက်)