မိုင်းယန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင်  စာဖတ်ဝိုင်းကျင်းပ

မိုင်းယန်း    ဒီဇင်ဘာ      ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌  ယနေ့ နံနက် ၁၁ နာရီက  “လူငယ်နဲ့ အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းဖြင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများ ဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့်  အသိပညာ ဗဟုသုတမြင့်မားလာရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း  ရှင်းလင်း ပြောကြားပြီး စာရေးဆရာ မောင်းမင်းစိုး ရေးသားထားသော “လူငယ်နဲ့ အပြောင်းအလဲ” စာအုပ်မှ “လူငယ်နဲ့ ပရဟိတစိတ်ဓာတ်”ခေါင်းစဉ်ဖြင့်  စတင်ဖတ်ကြားဆွေးနွေးခဲ့သည်။

ထို့နောက်(Youth Club)အသင်းအဖွဲ့ဝင် စိုင်းလုံတစ်ရီမှ “တန်ပြန်သက်ရောက်မှုများ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)