အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဆေး ထိုးနှံနိုင်ရေး အသိပညာပေး ကြေညာ

တွံတေး ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၄ ရက်နေ့ နံနက် ၉ နာရီတွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(ခွဲ)ကျွန်းတောတို့၌ ဒုတိယအကြိမ် (ဒုတိယအသုတ်) အဖြစ် ထိုးနှံပေးမည်ဖြစ်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် အသိပေး ကြေညာလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းအဆင့် အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူ (၄၉၅၀)ဦးရှိပြီး အစိုးရကျောင်း ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် (ပထမ)အသုတ်တွင် (၁၃၇၅)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ(၄)ရက်နေ့မှ ဒီဇင်ဘာ(၇)ရက်နေ့အထိ စုရပ်(၁၀)နေရာတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသာ/ကျောင်းသူ(၃၅၇၅)ဦး ထိုးပေးမည်ဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများအား(၄)ရက်နှင့် အပြီးထိုးနှံပေးမည်ဖြစ်ကာ ကျန်းမာရေးမှ ဆေးထိုးအဖွဲ့များကိုလည်း အဖွဲ့များ ခွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများ ဆေးထိုးမည့်ရက်အား ကြိုတင်၍ အများပြည်သူသိရှိ နိုင်ရေး အချိန်နှင့် တစ်ပြေးညီ ရပ်ကွက်/ကျေးရွာ စာသင်ကျောင်းများ၌ အသိပေးကြေညာလျက်ရှိကြောင်း သိရှိရ သည်။

မျိုးလှိုင်