လဲချားမြို့တွင် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေး

လဲချား   ဒီဇင်ဘာ  ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာ ဗဟုသုတ တိုးပွား စေရန် Online မှတစ်ဆင့် အသိပညာပေး အစီစဉ်များကို ရိုက်ကူး၍ မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောက်ရွက်ပေးလျက်ရှိ​သည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေး ဆောင်းပါး မိတ်ဆက်ခြင်းစသည့်  အစီအစဉ်များကို ရိုက်ကူး၍  Online  မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)