နောင်ချို ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ် တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုး တွေ့ရှိမှု ၂.၀၆ ရာခိုင်နှုန်းထိ ကျဆင်းလာကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ ရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိအဖွဲ့များ ပါဝင်သော အဖွဲ့များက နောင်ချိုမြို့နယ် မဲပုတ်ကျေးရွာအုပ်စု တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်း လူဦးရေ(၃၄၀) ဦးကို RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၇)ဦးတွင် ကိုဗစ်၁၉ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိခဲ့ရာပိုးတွေ့ရှိ မှုရာခိုင်နှုန်း (၂.၀၆)ရာခိုင်နှုန်းသာရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူ (၇) ဦးအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံနှင့် သဖန်းကိုင်းစင်တာတွင် ထားရှိ၍ ကြပ်မတ်ကုသဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံးကွင်း ဆက်ပြတ်တောက်နိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)