ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့  အခမ်းအနားကျင်းပ

ကျိုင်းတုံ     ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စိန်မေရီမသန်စွမ်းဂေဟာတွင် ကျင်းပသည်။

ရှေးဦစွာ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါခင်ခင်မြင့်က နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ ဂုဏ်ပြမှတ်တင်ထားပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံအနေဖြင့် မသန်စွမ်းသူများကို လူ့အသိုက်အဝန်းအတွင်း အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ အများနည်းတူ ရရှိခံစားပိုင်ခွင့်ရရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်းစသည့်  မသန်စွမ်းသူများဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြေားကြားသည်။

ထို့နောက် ကျိုင်းတုံမြို့ NEW HUMANITY INTERNATIONAL အဖွဲ့မှ Program Manager ဒေါ်နန်းဝိုးဖဲနှင့် တာဝန်ရှိသူများက စိန်မေရီမသန်စွမ်းဂေဟာ မသန်စွမ်း ၅၀ ဦးအား ဆောင်းရာသီတွင် အသုံးပြုရန် စောင် ၅၀ ထောက်ပံ့ပေးပြီး အဟာရ ကျွေးမွေးခြင်း ပြုလုပ်ပေးရာ စိန်မေရီမသန်စွမ်းဂေဟာ ကျောင်းအုပ်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)