သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်း ပပျောက်စေရေးအတွက် Mask တပ်ဆင်‌စေရေး အရှိန်အဟုန်မြှင့်‌ဆောင်ရွက်

သုံးခွ ဒီဇင်ဘာ ၃   

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောဂါပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်အတွင်းရှိ ပြည်သူများအား Mask တပ်ဆင်စေရေး Mask များ (အခမဲ့) ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာ မြို့မစျေးအတွင်းအပြင်ရှိ‌ ဈေး‌ရောင်းချသူများနှင့် ပြည်သူများအား mask တပ်ဆင်‌စေရေး အရှိန်အဟုန်မြှင့် ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

ထိုသို့‌ဆောင်ရွက်ရာတွင် မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများ၊ ကုန်စုံဆိုင်များရှိ ဈေးရောင်း ချသူပြည်သူများနှင့်‌ ဈေးဝယ်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ရောင်း‌ဝယ်စေရေး အသိပညာပေးခြင်း Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် အတူ ဈေးပတ် ဝန်းကျင်အတွင်း ရှိပြည်သူများနှင့် ရှစ်မျက်နှာဘုရားရှေ့ အနော်ရထာလမ်းမတို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ‌ရောဂါ ထိန်းချုပ်ရေးကော်မတီ၏ လမ်းညွှန်ချက် များနှင့် အညီ ကူးစက်မှု‌လျော့နည်း‌စေ‌ရေးနှင့် ရောဂါပျံနှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် Mask  များကို စနစ်တကျ တပ်ဆင်‌စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်း Mask တပ်ဆင်ရေး အရှိန်အဟုန်မြှင့်‌ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ဝန်ထမ်းများ၊ သုံးခွမြို့မ ရဲစခန်းမှ ရဲမှူး‌ မောင်မောင်သန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက Mask တပ်ဆင်‌ စေရေးစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်