ငါန်းဇွန်မြို့နယ်၌ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်

ငါန်းဇွန်   ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာန၌ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်အသီးသီးမှ အသက်(၂)လမှ (၂)နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက  မြို့ပေါ်ရပ်ကွက် အသီးသီးမှ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုး(MR)၊ ပိုလီယိုကာကွယ်ဆေး အစက်ချတိုက်ဆေး(OPV)ကာကွယ်ဆေးများကို တိုက်ကျွေး၊ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)