ရန်ကုန် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေစီး ရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် ဇင်ဇီယာ လမ်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အောက်မင်္ဂလာဒုံလမ်း ဝဲ/ယာရှိ မြက်များ၊ ခြုံနွယ်များ ရှင်းခြင်း၊ မဟာသုခိတာလမ်းတွင် ရေမြောင်းရှင်းခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးဌာန ပတ်ဝန်းကျင် သန့်ရှင်းရေးမှ (၃၀)ဦး၊ ရေစီးရေလာမှ (၅)ဦး၊ ပန်းဥယျာဉ်မှ(၁၀)ဦးနှင့် မြို့နယ်ရုံးမှ(၁၀)ဦး စုစုပေါင်း ဝန်ထမ်း (၅၅)ဦးတို့က ဆောင်ရွက်ခဲ့ကြပြီး ရရှိလာသော အမှိုက်များကို ထိန်ပင်အမှိုက်ကုန်းသို့ အမှိုက်သယ် ကားဖြင့် စနစ်တကျပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဇွဲထက်ကို(ပြန်/ဆက်)