မြင်းခြံ ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာရေးဆရာ ခင်စောတင့်၏ ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယနေနံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးမှူး ဦးထိန်လင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များနှင့် မြင်းခြံခရိုင် ပြန်/ဆက်ရုံးမှ ဝန်ထမ်းများက စာရေးဆရာ ခင်စောတင့်၏ ခက်ခဲကျပ်တည်းသော အချိန်မှာ စိတ်ချမ်းမြေ့စရာ စာအုပ်၏ လက်ခံအသိအမှတ်ပြုခြင်း၊ အကျပ်အတည်းများကို အောင်နိုင်ခြင်း၊ အတွေးများ၊ မိမိကိုယ်ကို ကျေနပ်နှစ်သက်ခြင်း၊ ဆက်ဆံရေးများ၊ အခက်အခဲများကို ကျော်ဖြတ်ခြင်း၊ ပျော်ရွှင်ခြင်း၏အရေးပါမှု စသည့် အကြောင်း အရာ အသီးသီးကို တင်ပြ ဆွေးနွေးခဲ့သည်။ ထို့နောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက သိရှိနားလည်သည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)