နွားထိုးကြီး ဒီဇင်ဘာ ၃
မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ်အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ ငါးဦး 5 Dose ထိုးနှံပေးခြင်း ဖြစ်သည်။ အသက်(၁၈)နှစ်အထက်၊ လူဦးရေ (၁၈၀၀)ဦးအား ထိုးနှံပေးပြီး စုစုပေါင်း(၃၃,၄၁၉)ဦး အား အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်နှင့်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်