မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၁)ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ

မိုင်းခတ်   ဒီဇင်ဘာ    ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၂၁)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့နံနက် ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း  သိရသည်။

အဆိုပါဆေးရုံဆင်းခွင့်ရရှိသူ(၂၁)ဦးတွင်သံဃာတော်လေးပါးပါဝင်ပြီး‌ နိုဝင်ဘာ၂၃ရက်နေ့က ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာအဖြစ်ကျန်းမာရေးဌာနမှစစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်၌ ၁၀ ရက်ကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေး စစ်ဆေးချက်အရ ရောဂါကင်းစင်သွားပြီဖြစ်သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိ သူများက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏နေအိမ်၌  ခုနှစ်ရက် Home Quarantine နေထိုင်သွားရန် ၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန် ၊ကျန်းမာရေးနှင့် ပတ်သက်သော  ဆောင်ရန်ရှောင်ရန်များကို  သတိပေးမှာကြားခဲ့ကြောင်း  သိရသည်။

မိုင်းခတ်မြို့နယ်တွင်ဇူလိုင်လ၁၃ရက်နေ့မှ ဒီဇင်ဘာလ၃ရက်နေ့‌ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၆၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁၀၆)ဦး၊ ဆေးကုသမှု ခံယူနေသူ (၆၁)ဦး  ကျန်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။