ဆီဆိုင် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခန့်က နားခိုက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ် နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် သုံးလ တစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လတို့အတွက် ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စုအတွင်း၊ ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်(၁၁၇)ဦး၊ အသက်နှစ် နှစ်အောက်ကလေးငယ်(၁၅၈)၊ တစ်ဦးလျှင် ငွေကျပ်လေးသောင်းခွဲစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၂၃၇၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း နားခိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းလွင်ထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)