မက်မန်းမြို့နယ်၌ အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မက်မန်း   ဒီဇင်ဘာ   ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား Phase (4) အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဝမ်စလောင်းအုပ်စု၌ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။

Phase (4) အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဝမ်စလောင်းအုပ်စု ဝမ်စလောင်းကျေးရွာနှင့် ငဟောင်ကျေးရွာတို့ကို စုရပ်နှစ်ခုထားပြီး ဝမ်စလောင်းအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူ(၃၆၇)ဦးတို့ကို အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ ကျန်းမာရေးမှူး ဦးစိုးကြိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ ဌာနဆိုင်ရာများက သတ်မှတ်ထားသည့်စုရပ်များ၌ အပြီးသတ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး (IPRD)