မိုင်းငေါ့ မြို့တွင်  Online မှတစ်ဆင့်အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ်   ဆောင်ရွက်ပေးလျက်ရှိ

  မိုင်းငေါ့ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီ အစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိ သူများ နှင့် ကျောင်းသား/သူ ကလေးများအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ တီထွင်ဖန်တီးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်ကို အသုံးပြု တတ်လာစေရန် ရည်ရွယ်၍ ပုံပြောခြင်း ၊ကဗျာရွတ်ဆိုခြင်း ၊အရုပ်ခေါက်ခြင်း ၊စာအုပ်မိတ်ဆက် ခြင်းများကို တင်ဆက်ပေးလျက်ရှိပြီ   ယနေ့နံနက်ပိုင်းတွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့ က ဆေးရောင်လှလှခြယ်သကြမယ် အစီအစဉ်ကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်‌ ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)