သံဖြူဇရပ်မြို့နယ်ကွမ်သတ်ကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားနေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်


သံဖြူဇရပ်  ဒီဇင်ဘာ  ၃

နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို     မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကွမ်သတ်ကျေးရွာအုပ်စု၌ မြို့နယ်ဦးစီး အရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုး ထုတ်ပေးရေးကို ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ကွမ်သတ်ကျေးရွာအုပ်စု၌ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး အသက် ၁၀နှစ် အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က)တွင် ကျား(၁)ဦး၊မ(၃)ဦး၊အသက် ၁၈နှစ် နှင့် အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် ကျာ(၁)ဦး၊မ(၃)ဦး၊အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့်လဲလှယ်တွင် ကျား(၉)ဦး၊ မ(၃၃)ဦးနှင့် ပျောက်ဆုံး ပျက်စီးထုတ်ပေးခြင်းတွင် ကျား(၅)ဦး၊ မ(၁၈)ဦးတို့အား ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း(၆၃)ဦးအား နိုင်းငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အေးအေးမွန်