စစ်တွေ ဒီဇင်ဘာ ၃
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာ ပေးဆောင် ရွက်ခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ညနေပိုင်းက စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်နှင့် ဝန်ထမ်းများက စစ်တွေမြို့လမ်းမကြီး၌ သွားလာနေကြ သော ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာများနှင့် ပြည်သူများကို ဝန်ဆောင်မှုပေးနေသော အငှား ယာဉ်မောင်းများကို အသိပညာဟော ပြောခြင်း၊ ပါးစပ်နှင့်နှာခေါင်း စည်း (Mask)များကို အခမဲ့ဖြန့် ဝေပေးခြင်းတို့ကို ဆောင်ရွက်ကြ ကြောင်းသိရသည်။
ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့်ပတ်သက်၍ စစ်တွေခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က “ကျနော်တို့ စစ်တွေမြို့နဲ့ ပြည်နယ် အတွင်းက တခြားမြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်တဲ့သူတွေရှိနေသေးပါတယ်၊ ဒါကြောင့် ကျနော်တို့ပတ်ဝန်းကျင်မှာကို ဒီရောဂါပိုးက ရှိနေပြီဆိုပြီး တော့ သုံးသပ်လို့ရပါတယ်ခင်ဗျာ၊ အဲ့ဒါကြောင့် လူတစ်ဦးချင်းတစ်ဦးချင်းက နေပြီးတော့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်မှ ကျနော်တို့ ပြည်သူတွေလည်း အန္တရာယ်ကင်းရှင်းနိုင်မှာဖြစ်ပါတယ်၊ ကျနော်တို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အား ကစားဝန် ကြီးဌာနက ထုတ်ပြန်ထား တဲ့စည်းကမ်းချက်တွေကို လိုက်နာကြပါ၊ (Mask)တတ်ပါ၊ တစ်ဦးနဲ့တစ်ဦး ခွာခွာနေပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ကြပါလို့ အသိပေးချင်ပါ တယ်”ဟု ပြောကြားသည်။
တင်ထွန်း(ပြန်/ဆက်)