တာချီလိတ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်) တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူ (၇၉၄) ဦး ရှိပြီး ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း(၆)မှ အသက်(၁၂)အထက် ကျောင်းသားကျောင်းသူ (၃၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း၊ ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)