အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပဒေ အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိ   ဒီဇင်ဘာ   ၃

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပဒေ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ် တို့က အမျိုးသမီးများကို ကိုယ်ထိလက်ရောက် မဟုတ်ဘဲ မထိတထိ မကြားတကြား ပြောဆိုခြင်း၊ စနောက်ခြင်း၊ မခြေမငံဆက်ဆံတာမျိုးတွေကို ဥပဒေအရ အရေးယူနိုင်သည့်အကြောင်း၊ အမျိုးသမီး များကို အရှက်ရအောင် ကိုယ်ထိလက်ရောက် ပြုမူဆက်ဆံခရမှုနှင့် ပတ်သက်ပြီး အကာအကွယ် ပေးထားသည့် ဥပဒေများအကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုများအကြောင်း၊ Online အသုံးပြုမှု အပေါ် ရရှိနိုင်သည့် ကောင်းကျိုးဆိုးကျိုးများ၊ ကြုံတွေ့နိုင်သည့်အန္တရာယ်များနှင့် ကြုံတွေ့ရသည့် အခါ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည့်အကြောင်းများကို  ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)