ကာလိ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာ ပေး လမ်းညွှန်ချက်များ ကွင်းဆင်းလှည့်လည်တိုက်တွန်းနှိုးဆော်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်က မြို့အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကာလိမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီး မှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန် ရည်ရွယ် ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ကာလအတွင်း ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ လိုက်နာနေထိုင်ကြစေရန် ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား သွားရောက်ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းလိုက်နာဆောင်ရွက်ကြစေရန် အစရှိသည်တို့ကို ကာလိမြို့အတွင်း Hand Speaker ဖြင့် ကွင်းဆင်း လှည့်လည်တိုက်တွန်းနှိုးဆော်အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ကျော် (ကာလိ)