ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ဆော်ဩဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ

ပန်ဆိုင်း(ကြူကုတ်)    ဒီဇင်ဘာ      ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေး ဆော်ဩခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာ ပေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်မှာနေထိုင်ကြရန်၊ မိမိတို့အိမ်တွင်ပြင်ပမှ လာသောဧည့်သည်များ လက်မခံကြရန်၊ မိမိတို့ ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင် ထွက်ရပါက ပါးစပ်နှင့် နှားခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ကြရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများ ရှောင်ကြဉ်လိုက်နာ ဆောင်ရွက်ကြရန်တို့ကို ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အိဖြူ (ပန်ဆိုင်း)