မိုင်းပျဉ်းမြို့တွင်ကိုဗစ်-၁၉အတည်ပြုလူနာ(၄)ဦးထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း  ဒီဇင်ဘာ  ၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊   မိုင်းပျဉ်းမြို့တွင် ဒီဇင်ဘာလ၂ရက်က ကိုဗစ်-၁၉အတည်ပြုလူနာ(၄)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသွားလာသူများအားကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာ ယာဉ်နောက်လိုက် (၁)ဦး နှင့် ခရီး သွား (၃)ဦးတို့တွင်ကိုဗစ်-၁၉ရောဂါပိုး အသီးသီး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။ အဆိုပါအတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင်    ဆေးကုသမှုပေးလျှက်ရှိပြီး      ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကိုလည်း အသွားအလာကန့်သတ်ထားရှိကြောင်းသိရသည်။

မိုင်းပျဉ်းမြို့တွင် ဇွန်လ၃၀ရက်မှ ဒီဇင်ဘာလ၂ရက်အထိ     ကိုဗစ်-၁၉အတည်ပြုလူနာစုစုပေါင်း(၉၅၆) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ   (၉၀၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင်၊(ပြန်/ဆက်)