ဆီဆိုင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဆီဆိုင်      ဒီဇင်ဘာ   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင်     ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကာကွယ်တားဆီးနိုင်ရေးအတွက် ကာကွယ်ဆေး  ထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက သတ်မှတ်စု ရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉  ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာရှိအသက် ၁၈ နှစ်နှင့် အထက် ဒေသခံပြည်သူ များအား စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေး၍ ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခဲ့ကြောင်း သိရသည်။       

မျိုးမြတ်(ဆီဆိုင်)