လမ်းမတော် ဒီဇင်ဘာ ၃
လမ်းမတော်မြို့နယ် UMFCCI တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများ ပါဝင်သည့် CLMVT နိုင်ငံများမှ စီးပွားရေးကိုယ်စားလှယ်များနှင့် Institute of Business Economics Research and Development (IBERD)မှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန် နေ့တွင် ပြုလုပ်ခဲ့ပြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့ ပါဝင်တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် Annual Business Economics Conference on CLMVT: The New Economy for 2022 အား ကျင်းပရေး ဆောင်ရွက်ချက်များ အတည်ပြုခြင်း၊ အစီအစဉ်အတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ CLMVT နိုင်ငံများ စီးပွားရေးအကျိုးအမြတ်အတွက် အလေးထားဆွေးနွေး၍ အကြံဉာဏ်များ ဖလှယ်ခဲ့ ကြပြီး MoU ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ အကြိုဆွေးနွေးခဲ့ကြသည်။
Institute of Business Economics Research and Development (IBERD) အား အကျိုးအမြတ် မယူသော အဖွဲ့အစည်းအဖြစ် ထိုင်းနိုင်ငံတွင် ဖွဲ့စည်းခဲ့ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို အဓိကထား၍ မူဝါဒရေးရာသုတေသနပြုလုပ်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်