ကွတ်ခိုင် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်ခရိုင်ကွတ်ခိုင်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး နည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ရာ ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားမှုဖြစ်နေပြီ Covid သေဆုံးမှုများ မြှင့်မားလျက်ရှိသဖြင့်ရောဂါဆိုးကြီးကိုထိန်းချုပ်နိုင်ရန်အတွက်ပြည်သူများအနေဖြင့်အတက်နိုင်ဆုံး အိမ်မှာနေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြ ရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှားခေါင်းစည်းMask စနစ်တကျတပ်ဆင်ကြရန်၊
Mask မတပ်သူများနှင့် တွေ့ဆုံခြင်းစကားပြောခြင်း၊ဈေးဝယ်ခြင်းများရှောင်ကြဉ် လိုက်နာကြရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို Hand speaker ဖြင့် လှည့်လည်နှိုးဆော် ခဲ့ကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)