မောက်မယ်မြို့နယ်၌ အထူးစီမံချက်ဖြင့် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထူး ကြပ်မတ် ဆောင်ရွက်လျက်ရှိ

မောက်မယ်   ဒီဇင်ဘာ   ၃

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုအားကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက လျက်ရှိရာ မြို့နယ်အဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကြီးကြပ်မှု ကော် မတီမှ ဦးဆောင်၍ အထူးစီမံချက်အရ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက် ၇ နာရီကစတင်ပြီး မြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို အထူး ကြပ်မတ် ဆောင်ရွက်ခဲ့သည်။  

အဆိုပါ အထူးကြပ်မတ်ဆောင်ရွက်နေမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊  မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့မှ လမ်း သွားလမ်းလာ ပြည်သူများ ၊ မော်တော်ယာဉ်များ ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအား COVID-19 ကူးစက်ရောဂါကြို တင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများ အသိပညာပေးပြီး လမ်းသွားလမ်းလာပြည်သူများအား Mask များကို စနစ်တကျတပ်ဆင်ခြင်း ရှိ/မရှိ ၊ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး စစ်ဆေးခြင်း ၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ချက်ချင်း စာရင်းကောက်ယူ ၍ ကာကွယ်ဆေးထိုးစင်တာဖြစ်သည့် စျေးတန်းရပ်ကွက အခြေခံပညာ အလယ်တန်းကျောင်း ခွဲတွင် သွားရောက်ထိုးနှံရန်စသည့် စစ်ဆေးခြင်းလုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)