မိုးမိတ်မြို့နယ်  မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုးမိတ်  ဒီဇင်ဘာ ၃ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် နိုင်ရေးအတွက်  ယနေ့နံနက် ၉ နာရီ က မြို့နယ်စည်ပင်သာယာဦးစီးဌာန ၊ မြို့နယ်မီးသတ် ဦးစီးဌာန ၊ မြို့နယ်လျပ်စစ်ဦးစီးဌာန တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသိူ့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးတင်ရှိန်  ၊ မြို့နယ်မီးသတ် ဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များနှင့်  ၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူး ပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးအတွင်း၊အပြင်ရှိ မီးသတ်ရေကန် များ ရေအပြည့်ထားရှိရေးနှင့် ရေစုတ်စက်များပြင်ဆင်ထားရှိ၍ အဆင့်သင့် မောင်းနှင်နိုင်ရေး ၊မီးသတ် ရေငုတ်များ၏ ရေထွက်မှုအခြေအနေများ ၊ဈေးဆိုင်ခန်းများ၏ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေနှင့် မီးဘေးလုံခြုံမှု (ရှိ/မရှိ) ၊ ဈေးဆိုင်ခန်းများတွင်ထားရှိသော မီးသတ်ဆေးဗူးများ ကောင်းမကောင်း စသည့် အချက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

“မီးဘေးအန္တရာယ်အတွက် ပေါ့ဆစွာဖြင့် မီးသုံးစွဲခြင်းမပြုကြရေး အထူးသတိပြု၍ ဆောင်ရွက်ကြရန် နှင့် ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် ထုတ် ပြန်ထားသော စည်းကမ်းချက်များကို အလေးထားလိုက်နာဆောင်ရွက်သွားကြရန်”  မြို့နယ်စည်ပင် သာယာအမှုဆောင်အရာရှိ ဦးတင်ရှိန်ကမှာကြားခဲ့ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)