ဝမ်းတွင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး သုံးစွဲနည်းများ လက်တွေ့ သရုပ်ပြဆောင်ရွက်

ဝမ်းတွင်း ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံ ရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ သုံးစွဲနည်းများ ပြသပေးခြင်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲရေး ဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွပ်ကျေးရွာ၊ ဌာနဆိုင်ရာများထိ လှည့်လည်စစ်ဆေးခြင်း၊ သတိပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိပြီး သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များကိုလည်း ညွှန်ကြား ချက်များနှင့် လေ့ကျင့်ဆောင်ရွက်လျက်မှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကာမြို့နယ် အတွင်း မီးဘေးအန္တရာယ် ကင်းရှင်း‌ရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို ဟောပြောပွဲများ ဆောင်ရွက်ကာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ မြို့နယ်အတွင်းမီး ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်စခန်း(၄)ခု၊ မီးငြိမ်းသတ် ယာဉ်(၅)စီး၊ ရေသယ် ယာဉ်(၅)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၁) ဦးတို့ဖြင့် တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး သုံးစွဲနည်းများအား လက်တွေ့သရုပ် ပြဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းခေါင်းဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာများတွင် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင် (ဝမ်းတွင်း)