မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေး အသိ ပညာပေး လိုက်လံနှိုးဆော်မှုများဆောင်ရွက်

မင်္ဂလာဒုံ ဒီဇင်ဘာ ၃

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍  ပြည်သူများကျန်းမာရေးနှင့်  ကြိုတင် ကာကွယ်နိုင်မည့် နည်းလမ်းများ သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ရောဂါဖြစ်ပွားမှုနှုန်း  အမှန်တကယ် လျော့နည်းကျဆင်းစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  မင်္ဂလာဒုံမြို့ လမ်းဆုံ၊ လမ်းခွများ၊ စျေးများ၊ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများမှ လိုက်လံနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။

ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံစကားပြောခြင်း၊   ဈေးဝယ် ခြင်းမှ ရှောင်ကျဉ်ရန်၊   လူစု၊  လူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီး တိုင်းလက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်နှင့် မိမိတို့၌ ရောဂါကူးစက်ခံသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အမြန်ဆုံး   ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်စသည့်   ရှောင်ရန်/ဆောင်ရန်အချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုလည်း စုရပ်အလိုက် သွားရောက်ထိုးနှံပေးကြပါရန် ပြည်သူများ ပူးပေါင်းပါဝင်ပေးကြပါရန် စသည့်အချက်များအား လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)