ဟိုပန် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယမန်နေ့က အထကကျောင်း(ဟိုပန်) နှင့် အထက(ခွဲ)(ရွှေဝါ) ကျောင်းများရှိ စုရပ်နေရာ(၂)နေရာ၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ် ငန်း ကော်မတီအဖွဲ့ဝင်များ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေးပရဟိတအဖွဲ့များ၊ ဆရာ/ဆရာမများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆေးထိုးနှံ သည့် ကျောင်းသား/သူများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက် အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ထိုးနှံခွင့်ရှိသူ အသက် (၁၂)နှစ်အထက် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ဉီးရေ(၁၀၄၆)ဦး ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)