မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁)ဦး ထပ်မံတွေ့ရှိ

မိုင်းခတ် ၊​​ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ယ​နေ့နံနက်ပိုင်းကကိုဗစ်-၁၉​ကာကွယ်၊ ထိန်းချုပ်၊ကုသ​ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မ​စျေးရှိ​​စျေးဆိုင်ရှင်များ၊ မြို့တွင်း ဝင်/ထွက်သွားလာသူများ၊ ပိုး​တွေ့လူနာများ၏မိသားစုဝင်များ၊ Contactထိ​တွေ့သူများစုစု​ပေါင်း လူဦးရေ (၇၁) ဦးအား RDTtestkitဖြင့် စစ်​ဆေးရာကိုဗစ်-၁၉​​ရောဂါပိုး(၁)ဦး တွေ့ရှိခဲ့​ကြောင်း သိရသည်။

အဆိုပါလူနာအား မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာ​ဆောင်တွင်ဆေးကုသ​ပေး​လျက်ရှိကြောင်း မြို့နယ်ကျန်းမာ​ရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)