ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာ ၂
ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နိုဝင်ဘာလ ပထမအပတ်အတွင်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်လေးများအား ဒုတိယ အကြိမ်မြောက် ကာကွယ်ဆေးကို စုရပ်ကျောင်းငါးနေရာတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း အ.ထ.က(ထန်းတပင်)ကျောင်း၊ အ.ထ.က(အလိန်လည်) ကျောင်း၊ အ.ထ.က(နဲသမိန်)ကျောင်း၊ အ.လ.က(တူးချောင်း)ကျောင်းနှင့် အ.လ.က(ရခိုင်ရိုးကြီး) ကျောင်းစုရပ် (၅)နေရာတို့တွင် အခြေခံပညာကျောင်း (၁၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၃) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကို ထိုးနှံပေးခြင်းဖြစ်ကာ အ.ထ.က (ထန်းတပင်) ကျောင်းစုရပ်နေရာတွင် ကျောင်းသား(၁၄၅)ဦးနှင့် ကျောင်းသူ(၁၄၀)ဦး စုစုပေါင်း (၂၈၅)ဦး၊ အ.ထ.က(အလိန်လည်) ကျောင်းစုရပ်နေရာတွင် ကျောင်းသား(၅၇)ဦးနှင့် ကျောင်းသူ (၃၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၈၈)ဦး၊ အ.ထ.က(နဲသမိန်)ကျောင်းစုရပ်နေရာတွင် ကျောင်းသား (၁၁)ဦးနှင့် ကျောင်းသူ(၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး၊ အ.လ.က (တူးချောင်း) ကျောင်းစုရပ်နေရာတွင် ကျောင်းသား၊ ကျောင်းသူ(၄၉)ဦးနှင့် ကျောင်းသူ(၅၁) စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးနှင့် အ.လ.က (ရခိုင်ရိုးကြီး) ကျောင်းစုရပ်နေရာတွင် ကျောင်းသား (၁၀၇)ဦးနှင့် ကျောင်းသူ(၁၁၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၂၁)ဦးတို့ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြကြောင်းသိရပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိ နေသေးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်၍ ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံရာတွင်လည်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသလို ကာကွယ်ဆေး ထိုးနှံနေမှုများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)