ညောင်ဦး ဒီဇင်ဘာ ၃
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံမြို့ဟောင်းရှိ မဟာဗောဓိဘုရားကြီးအား လာရောက်လေ့လာဖူးမြော် လိုသူများ လာရောက်ချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း မဟာဗောဓိဘုရားကြီး ဂေါပကအတွင်းရေးမှူး ဦးမြစိုးထံမှ သိရသည်။
ပုဂံမြို့ဟောင်းရှိ မဟာဗောဓိဘုရားကြီးကို ခရစ်နှစ် ၁၂၁၅ ခုနှစ်တွင် နားတောင်းများ မင်းကြီးတည်ထားကိုးကွယ်ခဲ့ ကြောင်း၊ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်၏ ပုံစံကို ယူကာ တည်ဆောက်ခဲ့သည်ဟု ယူဆရပြီး အောက်ခြေပုံသဏ္ဍန်မှာ မနိမ့်မမြင့်ခံပြီး အထက်ပိုင်းတွင် ပိရမစ်ပုံ အထက်သို့ ရှူးတက်သည့် အနေအထား တည်ဆောက်ထားသည်။ မုခ်ဝလှိုင်ဂူအတွင်းရှိ ဆင်းတု တော်ကြီးမှာ ပြုပြင်ပြီးနောက်ပိုင်း လက်ရာဖြစ်ကြောင်းသိရ သည်။ အပေါ်ထပ်သို့တက်ရန် လှေကားတစ်ခုရှိပြီး အပေါ်ထပ်မုခ်ခုံး အရှေ့ဘက်နံရံ၌ အင်းဝခေတ်တွင် ရေးထိုးထား သည့် နံရံမင်စာများကို လည်း တွေ့ရသည်။
မဟာဗောဓိဘုရားကြီးသည် နှစ်ထပ်အဆောက်အအုံပုံစံဖြစ်ပြီး အမြင့်ပေ ၂၄၀ ရှိသည်။ မဟာဗောဓိ ဘုရားကြီး၏ အရပ်လေးမျက်နှာထောင့်တိုင်းတွင် စေတီပုံစံငယ်များ တည်ထားပါရှိပြီး စေတီတော် ခြေရင်းနှင့် အထက်အမြင့် ပိုင်းနှစ်ခုလုံးတွင် နံရံမုခ်ကပ်ငယ်များစွာပါရှိကာ ကွဲပြားခြားနားသော ကိုယ်ဟန်အနေအထား အမျိုးမျိုးဖြင့် ဗုဒ္ဓဆင်း တုတော် ၆၄၅ ဆူအား ပူဇော်ထားရှိကြောင်း မဟာဗောဓိ ဘုရားကြီးဂေါပက အတွင်းရေးမှူး ဦးမြစိုးကရှင်းပြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် ပုဂံမြို့ဟောင်းရှိ မဟာဗောဓိ ဘုရားကြီးအား လာရောက်လေ့လာဖူးမြော်လိုသူများ ဘုရားကြီးအတွင်း လူ ၂၀ ဦးဆီ ဝင်ရောက်ဖူးမြော်စေမည်ဖြစ်ကာ ကျန်မာရေး ဝန်ကြီးဌာန COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကိုထိန်-KPD