ကျောက်ပန်းတောင်း ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းသည် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာများလိုက်ပါလျက် ယမန်နေ့နံနက်က ကျောက်ပန်းတောင်းမြို့နယ် မြင်သာတောင်ကျေးရွာအုပ်စု ခါးပတ် ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ခါးပတ်-ကျင်းကြီး ကုန်ထုတ် လမ်း/တံတား လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခါးပတ်ကျေးရွာ ခါးပတ်-ကျင်းကြီး ကုန်ထုတ်လမ်းမှာ (မြေသား+ဂျင်း) ခင်းခြင်းလုပ်ငန်းဖြစ်၍ (၁/၄.၁၉၆) မိုင်×၁၂ပေ×၂ပေ-၉လက်မ)၊ ကုန်ထုတ် Slab Culvert (၃ပေ×၂၀ပေ×၃ပေ) (၆)စင်း၊ ရေကျော် (၆၀ပေ×၂၆ပေ× ၂ပေ-၆လက်မ) (၁) စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လ ဘတ်ဂျက် ပြည်ထောင်စု ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် Mega Glory ကုမ္ပဏီက ခွင့်ပြုငွေကျပ် (၁၀၀.၇) သန်းဖြင့် တင်ဒါအောင်မြင် ဆောင်ရွက်ခွင့် ရရှိခဲ့၍ (၁၈-၁၁-၂၀၂၁) ရက်နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြောင်းသိ ရပြီး၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးသန်းက ကုမ္ပဏီတာဝန်ရှိသူများအား လုပ်ငန်းများကို သတ်မှတ် အရည်အသွေး၊ အတိုင်းအတာ ပြည့်မီစွာ ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရေး လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းများကို တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေးချိန် တွင် လုပ်ငန်း(၃၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး၊ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၄၀၄)၊ အိမ်ထောင်စု(၃၇၇)မှ လူဦးရေ(၂၁၅၈)အနက် အကျိုးပြုတောင်သူဦးရေ (၁၅၀) ဦး၏ အကျိုးပြ လယ်/ယာမြေဧက (၂၅၀၀) ဧက အကျိုးရရှိ ခံစားရမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)