လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံမှုများ​ဆောင်ရွက်

လသာ ဒီဇင်ဘာ 

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​နေ့​ နံနက် နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်း လမ်းမ​ပေါ်ရှိ အထက(၂) လသာကျောင်းင်းအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး​ ဒေါက်တာ မျိုးကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း ၍ ကာကွယ်ဆေးထိုးနှံရန် လာ​ရောက်သူများအား ကိုယ်အပူချိန် တိုင်းတာ​ပေးခြင်း၊​ သွေး​ပေါင်ချိန်တိုင်းတာ​ပေးခြင်း၊ ကျန်းမာ​ရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။

ယ​နေ့တွင်​ အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ထိုးနှံသူကျား(၃၅)ဦး၊ (၅၄)ဦး စုစု​​ပေါင်း (၈၉)ဦး၊ ဒုတိယအကြိမ် ရက်ချိန်းပြည့်သူ ကျား(၉၉)ဦး၊ (၁၃၁)ဦး စုစု​ပေါင်း(၂၃၀)ဦး၊ ဒုတိယ အကြိမ် ရက်ချိန်းပြည့်သူ​ ကျောင်းသား၊​ ကျောင်းသူ ကျား(၃၁)ဦး၊ (၉၃)ဦး စုစု​ပေါင်း(၁၂၄)ဦးတို့ကို ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)