ဖားကန့်မြို့ဆိပ်မူကျေးရွာတွင် မီးကြွင်းမီးကျန်ကြောင့် မီးလောင်မှုဖြစ်ပွား 

ဖားကန့် ဒီဇင်ဘာ ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ ဆိပ်မူကျေးရွာ ရပ်ကွက် (၁)တွင် ယနေ့နံနက် (၁၀)နာရီ (၁၀)မိနစ်အချိန်က မီးကြွင်းမီးကျန်ကြောင့်  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။ 

ဖြစ်စဉ်မှာ မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ အိမ်ထရံသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သွပ်မိုးထရံကာ ပျဥ်ခင်းတစ်ထပ်အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ကော့လိမ် အသက် (၆၆)နှစ်အား ဖားကန့်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။