မိုးညှင်းမြို့၌ စာဆိုတော်နေ့အကြောင်း သိကောင်းစရာ အွန်လိုင်းအသိပညာပေးဟောပြော

မိုးညှင်း          ဒီဇင်ဘာ        ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် စာဆိုတော်နေ့အကြောင်း သိကောင်းစရာ အွန်လိုင်းအသိပညာပေးဟောပြောခြင်းကို ယနေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် ကျောင်းသား/သူများ၊ လူငယ်လူရွယ်များနှင့် ပြည်သူ များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ပြီး မိုးညှင်းမြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် စာရေးဆရာမ ဒေါ်ခင်မာဆွေ၊ ကလောင်အမည်(တင်တင်ဆွေမာ)က နတ်တော်လဆန်း တစ်ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်  စာဆိုတော်နေ့ အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာဆိုတော် ဝေါဟာရအကြောင်းကိုလည်းကောင်း၊ စာဆိုတော်နေ့ အထိမ်းအမှတ် ဖြစ်ပေါ်လာပုံ အကြောင်းကိုလည်းကောင်း၊ စာဆိုတော်နေ့ အခမ်းအနားများ အဆင့်ဆင့်ပြုလုပ် ကျင်းပခဲ့ပုံ အကြောင်းကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)