လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်အဖြစ် ယနေ့နံနက်(၇)နာရီအချိန်က လူစည်ကားရာ မီးခွက်စျေး၌ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာခြင်း မရှိသူများ၊ စျေးရောင်း၊ စျေးဝယ် သွားလာနေသူများအား Mask Campaing အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပါးစပ်/နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာရေး အသိပညာ ပေးလုပ်ငန်း Mask Campaing ဆောင်ရွက်ရာတွင် ကိုဗစ်−၁၉ ရောဂါကာလအတွင်း ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး လမ်းညွန်ချက်နှင့်အညီ သိရှိလိုက်နာ ဆောင်ရွက်ကြရန်၊ အပြင်ထွက်တိုင်း Mask များကိုမဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏ ဆေးကြော သန့်စင်ရန်စသည့် ကာကွယ်ရေးနည်းလမ်းများကို မြို့နယ် ကိုဗစ်−၁၉ရောဂါ ကော်မတီဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ကော်မတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ လူစည်ကားရာ မီးခွက်စျေးအတွင်းရှိစျေးသွား၊ စျေးလာသူများနှင့် စျေးရောင်း၊ စျေးဝယ်တို့ကို နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေလျက်ရှိကြောင်းနှင့် လူထုလှုပ်ရှားမှု စီမံချက်အဖြစ် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးအတွက် ဆေးဖျန်းခြင်း၊ ကျန်းမာရေး အသိပညာပေး ဆောင်ရွက်လျှက်ရှိကြောင်းကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဇင်မင်းအောင်ထံမှ သိရသည်၊၊
မြို့နယ်(ပြန်/ဆက်)